Community ဆိုတဲ့ စကားလုံး ကို အကျွမ်းတဝင်ဖြစ်လာစေခဲ့တာက BarCamp ဆိုရင်

Community ဆိုတဲ့ အဓိပ္ပာယ်ကို ပိုပီး ပေါ်လွင်စေတာက U4MM ပါ  ။

Sublime Text 2

Sublime Text 2 ဆိုတဲ့ text editor လေး နဲ့ သူ့ကို install လုပ်ပုံအဆင့်ဆင့်ကို မျှဝေချင်လို့ပါ ။
ကျွန်တော်တို့ Ubuntu ကို စွဲစွဲမြဲမြဲသုံးမိတဲ့နောက်ပိုင်းမှာ အမြဲတမ်းတွေးမိတာက Windows မှာလုပ်နိုင်တာကို ငါ့ရဲ့ Ubuntu မှာလည်းလုပ်နိုင်ရမယ် ဆိုတဲ့စိတ်နဲ့ လေ့လာဖြစ်ပါတယ် ။ ဘယ်သူက သာတယ် ၊ နာတယ်ကို ငြင်းခုံတာမဟုတ်ပါဘူး ။ Ubuntu User တစ်ယောက်ဖြစ်လာတဲ့အခါမှာ ကိုယ်လုပ်ချင်တဲ့ ကိစ္စတော်တော်များများကို ဒီ Ubuntu ပေါ်မှာပဲအဆင်ပြေပြေ လုပ်ဆောင်သွားချင်တာပါ ။ဘယ်ဟာမဆိုအားနည်းချက် အားသာချက်ဆိုတာရှိစမြဲပါ ။

Ubuntu မှာ build in ပါတဲ့ gedit လို text editor တွေရှိသလို တစ်ခြား software center ကနေအလွယ်တကူ ထည့်သွင်း အသုံးပြုနိုင်တဲ့ text editor တွေ အများကြီးရှိပါတယ် ။Programming ,web development လေ့လာသူတွေ အတွက် တော့ text editor ဆိုတာ မရှိမဖြစ် အစွမ်းထက်တဲ့ tool တစ်ခုပါပဲ။
အဲထဲကမှ ကျွန်တော် ကြုံဖူးသလောက် ၊ သုံးဖူးသလောက်ထဲမှာ အဆင်ပြေတယ်လို့ ထင်တဲ့ Sublime text 2 text editor ကို install လုပ်ပုံအဆင့်ဆင့်ပါ ။

Continue reading

Welcome from htutmyat # ubuntu-mm

Hello အားလုံး မင်္ဂလာပါခင်ဗျာ ၊
ဒီ blog လေး ကနေ Ubuntu နဲ့ ဆိုင်တဲ့ ကျွန်တော် ကြုံတွေ့ရတဲ့ အတွေ့အကြုံ ၊အခက်အခဲတွေ ၊ဖြေရှင်းပုံလေးတွေကို အတတ်နိုင်ဆုံး sharing လုပ်သွားပါမယ် ။
ကျွန်တော်တို့ တွေရဲ့ barcamp လို ubuntu hour လိုပွဲမျိုးတွေရှိလာရင်းလည်း အမှတ်တရ မှတ်တိုင်လေးတွေ ဒီ ဘလော့လေး ပေါ်မှာ မှတ်သား ထားပါမယ် ။
ဘာလို့ Ubuntu ကို သုံးဖြစ်နေတာလည်း ၊ ဘာတွေ သိ လို့လည်း ကျွန်တော့်ရဲ့ knowledge လေးတွေ ၊
Ubuntu application လေးတွေ ကျွန်တော်သိသလောက် ပြန်မျှဝေပေးသွားပါမယ် ။
ကျွန်တော့်ရဲ့ Ubuntu နဲ့ ဆက်စပ်တဲ့ နည်းပညာ ကမ္ဘာငယ်လေးတစ်ခု အဖြစ်အားလုံး ကို ကြိုဆိုပါတယ် ။
Happy New Year all !
(Htut Myat represents U4MM)
htutmyat.ubuntu-mm.net

Proudly powered by WordPress
Theme: Esquire by Matthew Buchanan.